အမေရိကန်နိုင်ငံသို့ ဟောင်ကောင်ဒေသမှ ထုတ်လုပ်တင်ပို့သည့် ကုန်ပစ္စည်းများအား တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများကို “Made in China” တံဆိပ်ပြောင်းလဲကပ်ရမည်ဟု အမေရိကန်သမ္မတထရန့်၏ အုပ်ချုပ်မှုလက်ထက်ထုတ်ပြန်သည့် ဥပဒေအား ဟောင်ကောင်ဒေသမှ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ ( World Trade Organization-WTO) ၌ လူသိရှင်ကြား ဝေဖန်ပြောကြားခဲ့ကြောင်း၊၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာလက အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသို့ အကြောင်းကြားစာပေးပို့ပြီးနောက်ပိုင်း တရားဝင်စွက်ဖက်ပြောကြားမှုအား ဂျီနီဗာအဖွဲ့၏ အမြင့်ဆုံးအဆုံးအဖြတ်ပေးသည့်အဖွဲ့ဖြစ်သည့် WTO’s General Council ၌ ၁၃-၁၀-၂၀၂၀(အင်္ဂါ) နေ့က ဟောင်ကောင်ဒေသမှ တင်ပြခဲ့ကြောင်း၊ ဟောင်ကောင်ဒေသသည် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ဝင်ဖြစ်သောကြောင့် အမေရိကန်၏ ကုန်အမှတ်တံဆိပ် ပြောင်းလဲကပ်ရန်အား ပယ်ဖျက်ပေး ရန် ဟောင်ကောင်ဒေမှကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အမြဲတမ်းကိုယ်စားလှယ်ဖြစ်သည့် Mr. Lauire Lo မှကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ တင်ပြ ဆွေးနွေး ခဲ့ကြောင်း၊ အကယ်၍ အမေရိကန်နိုင်ငံမှ ဟောင်ကောင်ဒေသထုတ်ကုန်ပစ္စည်းများ တံဆိပ်ပြောင်းလဲကပ်ခြင်းအား ပယ်ဖျက်ပေးခြင်းမရှိလျှင် ဟောင်ကောင်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး လုပ်ထုံးလုပ်နည်းအရ ၎င်းတို့၏ အကျိုးစီးပွားကို ဥပဒေအရ ကာကွယ်ခွင့်ရှိသည့်အတိုင်း ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း၊ ဟောင်ကောင်၏ တင်ပြချက်ကို အမေရိကန်နိုင်ငံဘက်မှ အစည်းအဝေး၌ ဆက်လက်ဆွေးနွေးခဲ့ပြီး ပြန်လည်သုံးသပ်ပြီးလျှင် ဟောင်ကောင်၏ ထုတ်ပြန်ကြေညာချက်များအပေါ် ပြန်လည် တုန့်ပြန် လိမ့်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် အမေရိကန်ကိုဆန့်ကျင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက် ထားခြင်းမရှိသော်လည်း ဟောင်ကောင်၏ ထုတ်ပြန်ကြေညာချက်မှာ လုပ်ဆောင်သွားရန်စီစဉ်ထားကြောင်း ပြင်းထန်သည့်အချက်ပြမှု တစ်ခုဖြစ် ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အခြားသော အဖွဲ့ဝင်များကလည်း ဟောင်ကောင်၏ စိုးရိမ်ပူပမ်မှုကို သိရှိကြကြောင်း၊ ပေကျင်းမှ အတည်ပြု ပြဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေကို တုန့်ပြန်သည့်အနေဖြင့် “Made in China” တံဆိပ်ပြောင်းလဲကပ်ရန် ကြေညာချက်ကြောင့် ဟောင်ကောင်ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာနှင့် ပတ်သက်၍ မေးခွန်းများထွက်ပေါ်လာကြောင်း၊ ဝါရှင်တန်မှဟောင်ကောင်ဒေသ၏ အထူးကုန်သွယ်ခွင့်ကို ပယ်ဖျက်ရန်မှာ ဝါရှင်တန်၏ ကြီးမားသည့် အားထုတ်မှုဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ ထုတ်ပြန်ချက်၌ အမေရိကန်က ထုတ်ပြန်သည့် “Made in China” တံဆိပ်ပြောင်းလဲကပ်ရန် သတ်မှတ်ချက်မှာ ဟောင်ကောင်ဒေသ၏ သီးသန့်အကောက်အခွန် ကောက်ခံသည့် ဒေသအဖြစ်ရပ်တည်နေမှုအား လျစ်လျူရှုရာရောက်ပြီး နှစ်ဘက်စလုံးရှိ စီးပွားရေးလုပ်ငန်းများနှင့် ဝယ်ယူသူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေ ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Finbarr Bermingham က “Hong Kong hits out at ‘Made in China’ rule at WTO” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)
 
                         
                        